Thursday, June 4, 2009

တော်လှန်ရေးသမား

တော်လှန်ရေး တပ်သား



ကျုပ်တို့လိုချင်တာက

ဗုန်းတွေဗျ ဗုန်းတွေ


စကားလုံးတွေ မဟုတ်ဘူး။



အတွေဝေဆန်တဲ့

အစေခံတွေ မလိုချင်ဘူး။



အခြေမှန် အနေမှန်

အဖြေမှန်နဲ့


မတွေဝေတဲ့ ဥာဏ်နဲ့

ပြတ်သားတဲ့ အသေခံတပ်သားတွေကို လိုချင်တယ်။



အချိန်ဆွဲဖို့

ထမိန်လဲနေတဲ့

လူလိမ်ငနဲတွေကို

ခပ်မိုက်မိုက်နဲ့ အပြတ်တိုက်မှ ဖြစ်မယ်။




ကျုပ်ကတော့

အပေါ်ယံ ဖြတ်စားလပ်စား မကြိုက်တဲ့

တော်လှန်ရေး တပ်သားမိုက်ပဲ။



စကားမရှုပ် မတရား မလုပ်ပေမဲ့


ဓားကိုတော့ ဆုပ်ထားရဦးမှာပဲဗျ။ ။



တင်မိုး

၂၃၊ ၈၊ ၂၀၀၁


 


မိုးချိုသင်းမှတ်တမ်းမှ

Friday, May 22, 2009

သည်းခြာ



ရင်မှဖြစ်တဲ့

ရင်နှစ်သည်းခြာ ရတနာတို့

လှပစုံညီ ပညာရည်နှင့်

ရည်မွန်စေကြောင်း

သူငါပေါင်းနှင့် နိုင်ငံဂုဏ်ရည်

ဆောင်ရန်ရွယ်လောင်း မျိုးနွယ်ကောင်းမို့ ပြည့်ရွာကောင်းကြိုး စဉ်သယ်ပိုးလော့



နတ်သျှင်မြေသား